ယုံကြည်ခြင်း/၏ အဓိပ္ပာယ်
11
ယုံကြည်ခြင်း/ဆိုသည်/မှာ မျှော်လင့်သော/အရာများ/ကို ရမည်/ဟု စိတ်ချ/ပြီး မမြင်သေးသော/အရာများ/ကို အမှန်တကယ် ရှိသည်/ဟု သိမှတ်ခြင်း/ပင် ဖြစ်၏။ 2 ထိုသို့သော/ယုံကြည်ခြင်း/မျိုး ရှိ/သဖြင့် ရှေးလူကြီးတို့/သည် ဘုရားသခင်/၏ ချီးကျူးတော်မူခြင်း/ကို ခံခဲ့ကြရ၏။
3 စကြဝဠာ/ကို ဘုရားသခင်/၏ အမိန့်တော်/ဖြင့် ဖန်ဆင်းတော်မူသည်/နှင့်အညီ ယခု/ကျွန်ုပ်တို့/မြင်ရသော/အရာ/သည် မမြင်ရသော/အရာ/မှတစ်ဆင့် ဖြစ်တည်လာကြောင်း/ကို ယုံကြည်ခြင်း/ဖြင့် ကျွန်ုပ်တို့/နားလည်ကြ၏။
4 အာဗေလ/သည် ကာဣန/ထက် ပို/၍ မြတ်သော/ယဇ်/ကို ဘုရားသခင်/အား ယုံကြည်ခြင်း/ဖြင့် ပူဇော်၏။ ဘုရားသခင်/သည် အာဗေလ/၏ အလှူ/ကို နှစ်သက်/လက်ခံတော်မူ/ပြီး အာဗေလ/သည် ဖြောင့်မတ်သူ/အဖြစ် သတ်မှတ်တော်မူခြင်း/ခံရ၏။ အာဗေလ/သည် ကွယ်လွန်/သော်လည်း ထို/ယုံကြည်ခြင်း/စံနမူနာ/ဖြင့် ကျွန်ုပ်တို့/အား ဟောပြော/နေဆဲ/ဖြစ်၏။
5 ဧနောက်/သည် မိမိ/ယုံကြည်ခြင်း/ကြောင့် သေခြင်းတရား/ကို မကြုံတွေ့ရဘဲ ဘုရားသခင်/ထံသို့ ဘဝ/ကူးပြောင်းရ၏။ ဘုရားသခင်/သည် သူ့/ကို ဘဝပြောင်းစေတော်မူ/သဖြင့် သူ့/ကို မည်သူမျှ မတွေ့ရတော့ပေ။ အမှန်/တွင်မူ ဘဝ/မပြောင်း/မီက သူ/သည် ဘုရားသခင်/၏ စိတ်တော်/နှင့် တွေ့သောသူ/အဖြစ် အသိအမှတ်ပြု/ခံထားရသူ/ဖြစ်၏။ 6 ယုံကြည်ခြင်း/မရှိ/လျှင် ဘုရားသခင်/၏ စိတ်တော်/နှင့် မတွေ့နိုင်။ ဘုရားသခင်/ထံသို့ ချဉ်းကပ်သော/သူ/သည် ဘုရားသခင်/ရှိတော်မူကြောင်း ယုံကြည်/ရမည်။ ကိုယ်တော်/ကို ကြိုးစား/ရှာသောသူ/အား ဆုလာဘ်/ပေးတော်မူကြောင်း ယုံကြည်/ရမည်။
7 မမြင်ရသေးသော/အဖြစ်အပျက်များ/ကို ဘုရားသခင် ဖော်ပြတော်မူ/သောအခါ နောဧ/သည် ယုံကြည်/သဖြင့် ကြောက်ရွံ့ရိုသေ/လျက် မိမိ/၏/မိသားစု/ကို ကယ်တင်/ရန် သင်္ဘော/ကို ဆောက်လုပ်ခဲ့၏။ သူ/သည် မိမိ/၏/ယုံကြည်ခြင်း/ဖြင့် လောကီသားတို့/၏ အပြစ်/ကို စီရင်/၍ ယုံကြည်ခြင်း/ကြောင့် ရရှိသော ဖြောင့်မတ်ခြင်း/ကို အမွေခံခဲ့၏။
8 အမွေခံရမည့်/အရပ်/သို့ ထွက်သွား/ရန် ဘုရားသခင် ခေါ်တော်မူ/သောအခါ အာဗြဟံ/သည် မည်သည့်/အရပ်/သို့ ထွက်သွား/ရမည်/ကိုပင် မသိဘဲ ယုံကြည်ခြင်း/ဖြင့် နာခံ/၍ ထွက်ခွာခဲ့၏။ 9 ဘုရားသခင် ကတိထားတော်မူသော/ပြည်/၌ အာဗြဟံ/သည် ယုံကြည်ခြင်း/ဖြင့် တိုင်းတစ်ပါးသား/ကဲ့သို့ တည်းခိုလေ၏။ သူ/သည် တဲများ/၌ နေထိုင်ခဲ့၏။ ဘုရားသခင်/ပေးသော ကတိတော်/ကို အတူတကွ အမွေခံရသူများ/ဖြစ်ကြသော ဣဇာက်/နှင့် ယာကုပ်/တို့/သည်လည်း အာဗြဟံ/ကဲ့သို့ တဲ/၌ နေထိုင်ကြ၏။ 10 အဘယ်ကြောင့်ဆိုသော် အာဗြဟံ/သည် ဘုရားသခင် စီမံ/ဆောက်လုပ်တော်မူသည့် ခိုင်ခံ့သော/အုတ်မြစ်များ/ရှိသည့်/မြို့/ကို မျှော်လင့်နေခဲ့/သောကြောင့်/ဖြစ်၏။
11 မြုံသော/စာရာ/သည် အသက်/အရွယ်/လွန်/သော်လည်း ယုံကြည်ခြင်း/ဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်/ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသော/အရှင်/မှာ သစ္စာ/ရှိသည်/ဟု သူ/မှတ်ယူ/သောကြောင့် ဖြစ်၏။ 12 ဤသို့ဖြင့် မြောက်မြားစွာသော/ကောင်းကင်ကြယ်များ/နှင့် မရေမတွက်နိုင်သော ပင်လယ်ကမ်းခြေ/ရှိ သဲပွင့်များ/သဖွယ် မြောက်မြားစွာသော/သူတို့/သည် သေလူ/ကဲ့သို့ ဖြစ်နေသော လူတစ်ဦး/ထံမှ ဆင်းသက်လာကြ၏။
13 ဤ/လူအပေါင်းတို့/သည် ယုံကြည်/လျက် သေလွန်ကြ၏။ သူတို့/သည် ဘုရားသခင်/ကတိပြုတော်မူသည့်/အရာများ/ကို မရရှိခဲ့/သော်လည်း အဝေး/ကပင် မြင်/၍ ကြိုဆိုခဲ့ကြ၏။ သူတို့/သည် ဤ/လောက/တွင် ခေတ္တ/တည်းခိုသူများ၊ ဧည့်သည်များ/သာ/ဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။ 14 ထိုသို့ ဝန်ခံပြောဆိုသော/သူတို့/သည် မိမိတို့/၏/ကိုယ်ပိုင်/နေရပ်မြေ/ကို တောင့်တကြောင်း ဖော်ပြကြ၏။ 15 အကယ်၍ သူတို့/သည် မိမိတို့/ထွက်ခွာလာခဲ့သော ပြည်/ကို သတိရသည်/မှန်/လျှင် ထို/ပြည်/သို့ ပြန်/ရန် အခွင့်အရေး/ရှိခဲ့ကြ၏။ 16 သို့သော် ထို/သူတို့/သည် ပို/၍ ကောင်းသော/ပြည်/ဖြစ်သည့် ကောင်းကင်ဘုံ/၌ ရှိသော ပြည်/ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်/သည် သူတို့/၏ ဘုရား/ဟု ခေါ်ဝေါ်ခံရခြင်း/ကို ရှက်တော်မမူသည့်/အပြင် သူတို့/နေထိုင်/ရန် မြို့/ကိုပင် တည်တော်မူပြီ။
17 အာဗြဟံ/သည် ဘုရားသခင်/၏ စမ်းသပ်တော်မူခြင်း/ကို ခံရ/သောအခါ ယုံကြည်ခြင်း/ဖြင့် ဣဇာက်/ကို ယဇ်/အဖြစ် ပူဇော်၏။ ကတိတော်များ/ကို ရရှိထားသော/အာဗြဟံ/သည် တစ်ဦးတည်းသော/သား/ကို ပူဇော်/ရန် အဆင်သင့်/ဖြစ်နေခဲ့၏။ 18 ဤ/သား/နှင့် စပ်လျဉ်း/၍ ဘုရားသခင်/သည် တစ်ချိန်/က “သင်/၏ အမျိုးအနွယ်/ကို ဣဇာက်/မှ ဆင်းသက်/ပေါက်ပွား/စေမည်” ဟု မိန့်တော်မူခဲ့၏။ 19 ဘုရားသခင်/သည် လူသေများ/ကိုပင် ထမြောက်/စေနိုင်ကြောင်း အာဗြဟံ/သည် ဆင်ခြင်/သုံးသပ်ခဲ့၏။ ပုံဥပမာ/အားဖြင့် ဆိုရ/လျှင် ဣဇာက်/ကို သေခြင်း/မှ ပြန်လည်/ရရှိခဲ့၏။ 20 ဣဇာက်/သည် ယုံကြည်ခြင်း/အားဖြင့် အနာဂတ်/ကို မျှော်မှန်း/၍ ယာကုပ်/နှင့် ဧသော/ကို ကောင်းချီး/ပေးခဲ့၏။
21 ယာကုပ်/သည် သေချိန်/နီး/သောအခါ ယုံကြည်ခြင်း/ဖြင့် ယောသပ်/၏ သား/နှစ်ယောက်/ကို ကောင်းချီးပေး/၍ တောင်ဝှေး/ထိပ်/ကို မှီ/လျက် ဘုရားသခင်/အား ရှိခိုး၏။
22 ယောသပ်/သည် မိမိ/ဘဝ/၏ နောက်ဆုံး/အချိန်/နီး/သောအခါ ယုံကြည်ခြင်း/ဖြင့် အီဂျစ်ပြည်/မှ အစ္စရေးလူမျိုးများ ထွက်မြောက်မည့်/အကြောင်း/ကို ပြော/ပြီး မိမိ/အရိုးများ/ကို သယ်ဆောင်သွား/ရန် ညွှန်ကြားခဲ့၏။
23 မောရှေ/၏ မိဘများ/သည် သားဖြစ်သူ/မှာ နှစ်လိုဖွယ်ကောင်းသူ/ဖြစ်သည်/ကို မြင်/လျှင် ယုံကြည်ခြင်း/ဖြင့် ရှင်ဘုရင်/အမိန့်/ကို မကြောက်ဘဲ မွေးဖွား/ပြီးနောက် သုံးလ/တိုင်တိုင် သူ့/ကို ဝှက်ထားကြ၏။
24 မောရှေ/သည် ကြီးပြင်းလာ/သောအခါ ယုံကြည်ခြင်း/ဖြင့် ဖာရောဘုရင့်/သမီးတော်/၏/သား/ဟု အခေါ်/မခံဘဲ 25 အပြစ်/၌ ခဏတာ/သာယာ/ပျော်မွေ့ခြင်း/ထက် ဘုရားသခင်/၏ လူမျိုးတော်တို့/နှင့်အတူ ဆင်းရဲဒုက္ခခံခြင်း/ကို ရွေးချယ်ခဲ့၏။ 26 သူ/သည် အနာဂတ်/တွင် ရမည့် ဆုလာဘ်/ကို မျှော်ကိုး/သောကြောင့် အီဂျစ်ပြည်/၏ စည်းစိမ်/ထက် ခရစ်တော်/အတွက် ဆင်းရဲဒုက္ခ/ခံခြင်း/သည် ပို၍ မြတ်သည်/ဟု မှတ်ယူလေ၏။ 27 ရှင်ဘုရင်/၏/အမျက်/ကို မကြောက်ဘဲ ယုံကြည်ခြင်း/ဖြင့် အီဂျစ်ပြည်/ကို စွန့်ခွာ/၍ မမြင်နိုင်သော ဘုရားသခင်/ကို မြင်ရ/သကဲ့သို့ ဇွဲလုံ့လ/ထားခဲ့၏။ 28 သားဦးတို့/ကို သတ်သောသူ/သည် အစ္စရေး/လူမျိုးတို့/၏ သားဦးတို့/ကို မထိခိုက်/စေရန် မောရှေ/သည် ယုံကြည်ခြင်း/ဖြင့် ပသခါပွဲ/ကျင်းပ/၍ အသွေး/ဖျန်းလေ၏။
29 အစ္စရေးလူမျိုးတို့/သည် ကုန်းမြေ/ပေါ်တွင် နင်းလျှောက်/သကဲ့သို့ ယုံကြည်ခြင်း/ဖြင့် ပင်လယ်နီ/ကို ဖြတ်ခဲ့ကြ၏။ သို့သော် သူတို့/နည်းတူ အီဂျစ်လူမျိုးတို့/သည် ဖြတ်/ရန် ကြိုးစား/သောအခါ ပင်လယ်/ထဲသို့ နစ်မြုပ်ကြ၏။
30 အစ္စရေးလူမျိုးတို့/သည် ယုံကြည်ခြင်း/ဖြင့် ဂျေရိခေါမြို့/ကို ခုနစ်ရက်/ပတ်လုံး ဝန်းရံ/လှည့်ပတ်ကြ/ရာ မြို့ရိုး/သည် ပြိုကျ၏။
31 ပြည့်တန်ဆာ/ရာခပ်/သည် ယုံကြည်ခြင်း/ဖြင့် အစ္စရေး/သူလျှိုတို့/ကို ငြိမ်းချမ်း/စွာ ကြိုဆို/သောကြောင့် မယုံကြည်သူတို့a/နှင့်အတူ အသက်/မဆုံးရှုံးခဲ့ပေ။
32 မည်သူ့/အကြောင်း/ကို ဆက်/၍ ဥပမာ ပေးရမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ/နှင့် ပရောဖက်များ/အကြောင်း အသေးစိတ်/ပြော/ရန် ကျွန်ုပ်/တွင် အချိန်/မရှိပါ။ 33 ထို/သူတို့/သည် ယုံကြည်ခြင်း/ဖြင့် အခြား/တိုင်း/နိုင်ငံ/ကို အောင်နိုင်ခြင်း၊ တရားမျှတ/စွာ အုပ်ချုပ်ခြင်း၊ ကတိတော်များ/ကို ခံစားရခြင်း၊ ခြင်္သေ့/ပါးစပ်/ကို ပိတ်ခြင်း၊ 34 ပြင်းထန်သော မီးတောက်များ/ကို ငြိမ်းသတ်ခြင်း၊ ဓားဘေး/မှ လွတ်မြောက်ခြင်း၊ အားနည်းရာ/မှ အားကြီးလာခြင်း၊ တိုက်ပွဲ/၌ ခွန်အား/ကြီးလာ/ကာ တိုင်းတစ်ပါးသားတို့/၏ တပ်များ/ကို ချေမှုန်းခြင်း စသည်တို့/ကို ပြုကြ၏။ 35 အချို့/အမျိုးသမီးများ/သည် မိမိတို့/၏ ဆွေမျိုးများ သေရာ/မှ ထမြောက်လာ/သောကြောင့် သူတို့/ကို ပြန်လည်/ရရှိကြ၏။ အချို့/လူတို့/သည် ပိုမို/မွန်မြတ်သော/ဘဝ/သို့ ထမြောက်/လို/သဖြင့် လွတ်မြောက်ခွင့်/ကို လက်မခံဘဲ နှိပ်စက်ညှဉ်းပန်းခြင်း/ကို ခံကြ၏။ 36 အချို့/မှာမူ လှောင်ပြောင်ခြင်း၊ ရိုက်ပုတ်ခြင်း/ကို ခံရပြီး သံကြိုး/နှင့် ချည်နှောင်ခံရ/ကာ ထောင်ချ/ခံကြရ၏။ 37 သူတို့/သည် ကျောက်ခဲ/နှင့် ပေါက်သတ်ခြင်း၊ လွှ/နှင့် နှစ်ပိုင်း/ဖြတ်ခြင်း၊ စမ်းသပ်ခြင်းb၊ ဓား/နှင့် သတ်ခြင်းတို့/ကို ခံကြရ၏။ သူတို့/သည် ဆင်းရဲနွမ်းပါး/လျက်၊ ဒုက္ခ/ရောက်/လျက်၊ နှိပ်စက်ခံရ/လျက် သိုးသားရေ၊ ဆိတ်သားရေ/တို့/ကို ဝတ်/၍ သွားလာကြရ၏။ 38 ဤ/လောက/သည် သူတို့/နှင့် မထိုက်တန်။ သူတို့/သည် တောကန္တာရ၊ တောင်တန်းများ၊ လှိုဏ်ဂူများ၊ မြေတွင်းများ/၌ ကျင်လည်ကြ၏။ 39 ထို/သူ/အပေါင်းတို့/သည် ယုံကြည်ခြင်း/ကြောင့် ချီးကျူးခံရ/သော်လည်း ဘုရားသခင်/ကတိပြုတော်မူသည့်/အရာ/ကို မရရှိခဲ့ကြပေ။ 40 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/သည် ကျွန်ုပ်တို့/အတွက် ပိုမို/ကောင်းမွန်သော/အရာ/ကို ပြင်ဆင်ထား/သောကြောင့် ဖြစ်၏။ ထို/အရာ/ကို သူတို့/သည် ကျွန်ုပ်တို့/နှင့်အတူ လက်ခံရရှိ/လျှင် သူတို့/သည် ပြီးပြည့်စုံသူများ/ဖြစ်ကြ/လိမ့်မည်။